About

"ကျွန်တော့်အတွေးနဲ့ အရေးလေးများ..." လို့ဆိုထားတဲ့အတိုင်း ကျွန်တော်အတွေးနဲ့ အရေးလေးတွေကို စုစည်းထားတဲ့ ဘလော့ဂ်ဆိုဒ်လေးတစ်ခုပါ။ ဒီဘလော့ဂ်ဆိုဒ်လေးမှာ ဆောင်းပါးတွေ၊ ပုံပြင်တွေ၊ ကဗျာတွေ၊ နိုင်ငံခြားဘာသာပြန်စာတွေကို တင်သွားဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့ကပါ။ မြန်မာစာကို စိတ်ဝင်စားပြီး အဝေးသင် မြန်မာစာအဓိကနဲ့ ကျောင်းပြီးထားပါတယ်။ လက်ရှိမှာ ဖုန်းပြင်ဆိုင်လေးတစ်ခုဖွင့်ထားပါတယ်။

အကယ်၍များ သင့်အနေနဲ့ စာပေဝါသနာပါမယ်၊ ခေတ်သစ်နည်းပညာပိုင်းကိုလဲ စိတ်ဝင်စားမယ်၊ အတန်ငယ် ပေါတောတောနိုင်မယ်ဆိုရင် မိတ်ဆွေဖွဲ့ချင်ပါတယ်။