ဇာတ်မျှော ...

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဝေခွဲမရဘူး ငါဟာ လွတ်လပ်ပေါ့ပါးစွာ ပျံတက်သွားချင်တဲ့ မိုးပျံပူပေါင်းလား

မိုးပျံပူပေါင်း

တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကို ဝေခွဲမရဘူး

ငါဟာ လွတ်လပ်ပေါ့ပါးစွာ ပျံတက်သွားချင်တဲ့
မိုးပျံပူပေါင်းလား
ဒါမှမဟုတ်
လွတ်ထွက်သွားမှာစိုးလို့
မိုးပျံပူပေါင်းကို ကြိုးမျှင်လေးနဲ့
ဖမ်းချည်ထားတဲ့ လူလား

အတန်းကြီးမှ စာမေးပွဲအခါခါကျတဲ့
ကျောင်းသားလို
ရယ်ရခက် ငိုရခက်တဲ့ဘဝ

ဖြစ်နိုင်ရင် ဒီဇာတ်လမ်းကို
အစ အဆုံး ပြန်ပြင်ရေးချင်တယ်

ဘယ်တတ်နိုင်မလဲ
မိုးတိမ်ဖြစ်နေမှတော့ ကောင်းကင်ကြီးညိုမဲလာတိုင်း
ရွာချဖို့ ကြောက်မနေတော့ပါဘူးလေ ....။

ငထွန်း(Clicker)

You Might Also Like

2 မှတ်ချက်

  1. ထိတော့ထိတယ် ဘယ်နားထိမှန်းမသိဘူး... ထင်တာတော့ နှလုံးသားမှာထိသွာတယ်ထင်တာပဲ

    ReplyDelete