ကဗျာ
အသံကြောင့် ဖားသေ
9:48:00 AMစကားလုံးတွေမှာ
သက်တမ်းကုန်ဆုံးရက်ရှိပါသလား
ကျနော်သိချင်တယ် ...
လျှာအရိုးမရှိတိုင်း ပြောထွက်လိုက်တဲ့
စကားလုံးတွေတိုင်းမှာ
စာနာစိတ် ရှိပါသလား
မရည်ရွယ်ပါဘူးဆိုတဲ့ မျက်နှာဖုံးနဲ့
သားကောင်တွေရဲ့ ရင်ထဲမှာ
ဒဏ်ရာမျိုးစေ့တွေ ကြဲချသွားတာ
အမှတ်တမဲ့ပြောလိုက်မိတယ် ဆိုရုံပါပဲလား
လေနဲ့အတူပွင့်ပြီး မြင်နိုင်စွမ်းမဲ့သလို
ပြစ်မှုတစ်ခုကျူးလွန်ပြီးရင်
သက်သေရှာမရတဲ့ အဲ့ဒီစကားလုံးတွေ
သက်တမ်းစေ့တဲ့အခါ
မှေးမှိန်ပျောက်ကွယ်သွားတတ်ပါသလား
နားနှစ်ဖက်လုံး လုံးဝပိတ်ထားလိုက်ပေမဲ့
ခံပြင်းနာကျည်းစရာကောင်းလောက်အောင်
ပဲ့တင်ထပ်သံ ဆက်လက်ကြားနေရတာ
အဲ့ဒီစကားလုံးတွေမှာ
သက်တမ်းကုန်ဆုံးရက် ရှိပါသလား
ကျနော်သိပါရစေ ....။။
ငထွန်း(Clicker)
0 မှတ်ချက်