လှိုင်းခတ်သွားသော ကောင်းကင်

တစ်ယောက်တည်း တိတ်ဆိတ်နေရတာကြာပြီ ဒါကြောင့် လရောင်ကို ခြေရာခံပြီး လမင်း အရှာထွက်ခဲ့တယ်။

လရောင်

တစ်ယောက်တည်း တိတ်ဆိတ်နေရတာကြာပြီ
ဒါကြောင့်
လရောင်ကို ခြေရာခံပြီး
လမင်း အရှာထွက်ခဲ့တယ်။

ကြယ်တွေက တစ်ယောက်တစ်ပေါက် လမ်းညွှန်ကြတယ်
တိမ်တွေက ကာစီးလို့ လမင်းပြေးလမ်းကို ဝှက်ကြတယ်
အကူညီများ ရမလားဆိုတော့
ညလေပြေက ဖြေဖွဖွနင်းပြီး ရှောင်ကာပုန်းတယ်
ဒီလိုနဲ့
ညမွှေးပန်းရဲ့ ရနံ့လမ်းအဆုံးမှာ ....
လမင်းကိုတွေ့တယ်

"လမင်း" ...
ငါ့ရဲ့ လမင်း ...
တုန်ရီစွာနဲ့ လက်လှမ်းလိုက်တဲ့အခါ
ငါ့ကောင်းကင်တစ်ခုလုံးမှာ
ရေလှိုင်းတွန့်လေးတွေ
စီရရီဖြတ်ပြေးလို့သွား .....။။

ငထွန်း(Clicker)

You Might Also Like

0 မှတ်ချက်