ပန်းသီးနဲ့ ဓာတ်မတည့်သူများ

လက်ဖဝါးပေါ်က နိမိတ်ဆိုးတစ်ချို့ကို တွေဝေစိုက်ကြည့်ရင်း ရင်တွင်းဒဏ်ရာတစ်ချို့ကို သက်ပြင်းရှည်တစ်ချက်က ခလုတ်တိုက်ထွက်သွားတယ်

လက်ဖဝါးပေါ်က
နိမိတ်ဆိုးတစ်ချို့ကို တွေဝေစိုက်ကြည့်ရင်း
ရင်တွင်းဒဏ်ရာတစ်ချို့ကို
သက်ပြင်းရှည်တစ်ချက်က ခလုတ်တိုက်ထွက်သွားတယ်

ရယ်တော့ ရယ်ရသား ...
'ကံကိုယုံပြီး ဆူးပုံမနင်းရာ...' တဲ့
အခုတော့
ကံကိုအယုံအကြည်မဲ့မိလို့
ဆူးပုံထဲ မှောက်ရက်လဲ ...
ဒါလဲ သောက်မှတ်ကို မရှိဘူး

ဖြစ်နိုင်ရင် ...
အဲ့ဒီခံစားလွယ်တဲ့ နှလုံးသားကို
လူကို ဘေးဥပါဒ်ဖြစ်စေမှုနဲ့
နှစ်ရှည်ထောင်ဒဏ် ချထားလိုက်ချင်တယ်။

ငထွန်း(Clicker)

You Might Also Like

0 မှတ်ချက်